Part-14(Zawgyi)

"သေချာရဲ့လား"

"သေချာပါတယ်၊အဲ့ဒီလူကိုယ်တိုင်လာခေါ်သွားတာပါ"

"ကိုထက်မြတ် အခုချက်ချင်းလိုက်သွားလိုက်ပါ၊ပြီးတော့သူ့ကို ကျွန်တော့်ဆီခေါ်လာခဲ့လိုက်"

ဘုန်းတည်အသံက အလိုမကျသလိုတင်းမာပြတ်သားနေတာကြောင့် ထက်မြတ်အလိုက်သင့်ပဲ ပြန်ပြောဖို့လုပ်ရသည်။

"ကောင်းပါပြီ၊ဘုန်းတည် ဒါပဲလား"

"သူ့အမနဲ့လည်း သေချာ​ရှင်းခဲ့ဖို့မမေ့နဲ့၊ငွေစကားပြောလာရင် သူလိုချင်သလောက်ပေးခဲ့လိုက်"

"သဘောပေါက်ပါပြီ"

ဘုန်းတည်ဆီကခွင့်ပြုချက်ရသည်နှင့် ထက်မြတ်တစ်ယောက် ဏီဏီရှိနေမည့်ဆေးရုံကို လိုက်လာခဲ့ရသည်။ဏီဏီ့အဖေဦးမြတ်မင်းက နှလုံးဖောက်၍ Privateဆေးရုံတစ်ခုမှာ အရေးပေါ်ကုသနေရသည်ဟုကြားသည်။ပြဿနာက ဦးမြတ်မင်းကြောင့်မဟုတ်ဘဲ ဏီဏီ့ကိုရဲထွဋ်ဆိုတဲ့လူ လာခေါ်သွားတာကြောင့်ဖြစ်သည်။

ဏီဏီထိုလူနဲ့တွဲသွားတွဲလာလုပ်ခြင်း၊မလုပ်ခြင်းက သူနှင့်မသက်ဆိုင်ကြောင်း။စာချုပ်ထဲမှာလည်း တစ်ယောက်Personalကိုတစ်ယောက်ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ထက်မြတ်သူ့ကိုသေချာရှင်းပြ၏သို့သော် ဘုန်းတည်ကလက်မခံပေ။ဏီဏီ့ကိစ္စမှန်သမျှကို နောက်ကွယ်ကနေသူ့စိတ်တိုင်းကျ အကုန်ကိုင်တွယ်ဖြေရှင်းသည်။

ဏီဏီ့ကိုသူ့သူငယ်ချင်းတိုက်ခန်းကနေ Luxury Condoတစ်ခုကိုခေါ်လာ၏ပြီးတော့Mercedes Brandကားတစ်စီးလည်းဝယ်ပေးထားသည်။သူရှိလို့ သူဝယ်ပေးတာက ကိစ္စမရှိ။ကိစ္စရှိတာက အပြင်မှာထွက်နေသည့် ကောလဟာလသတင်းတွေမတည်ငြိမ်သေးခင် ဏီဏီနဲ့ခဏလောက်မတွေ့ဘဲနေကြဖို့။ထက်မြတ်ပြောပေမယ့် ဘုန်းတည်က​လက်မခံပေ။သူထင်ရာသူလုပ်၏

ဦးခန့်ကိုကလည်သည်။အခုပဲဘုန်းတည်ကို စောင့်ကြည့်နေပြီဖြစ်သည်။ဘုန်းတည်ကို အိမ်ခေါ်ပြီးလည်း သတိပေး၏Stylistဖြစ်သူနှင့်အလုပ်ကိစ္စကလွဲရင် မပတ်သတ်ဖို့​။ဘုန်းတည်က သူ့အဖေကိုလည်းနည်းနည်းမှဂရုမစိုက်ပေ။ဏီဏီ့နှင့်အဆက်အသွယ်မဖြတ်သည့်အပြင် ပို၍ပင် နီးနီးစပ်စပ်နေပြ၏

သူတို့သားအဖကြားထဲ ခေါင်းကျိန်းရသူကထက်မြတ်ပင်။လက်ရှိအခြေအနေအရ ဘာမှဝင်ပြောလို့မရသည့်အနေအထားဖြစ်နေသည်။ဦးခန့်ကိုမေးသမျှကိုလည်း လှည့်ပတ်ဖြေနေရကာ ကြာရင်မလွယ်လောက်။ဦးခန့်ကိုပြောတာက'ဘုန်းတည်နဲ့သူ့Stylist ထပ်မပတ်သတ်ဖို့မင်းတာဝန်ယူပါ'ဟူ၍။နောက်တစ်ကြိမ် Social Platformမှာ မဟုတ်တဲ့သတင်းတွေ ထပ်မတွေ့ချင်ဘူး'တဲ့။

Entertainmentဘက်ကတော့ ထုံးစံအတိုင်း ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာတစ်ခုမြှပန်မဖြေရှင်းပေ။ထို့ကြောင့်ဘုန်းတည်Rumorက Netizenတွေကြားသို့လောသို့လောနှင့်ပြီးသွားပေမယ့် နောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့ရင် မဖြေရှင်းပဲနေလို့ရမှာမဟုတ်တော့။

CEOဦးလင်းအောင်ကဦးခန့်ကိုနှင့် သူငယ်ချင်းတြွေဖစ်ကာ ဘုန်းတည်အမေနှင့်ဦးခန့်ကိုအကြောင်းပါခဲ့ခြင်းမှာ ဦးလင်းအောင် ပါဝင်ကူညီခဲ့လို့ဖြစ်သည်။ဦးခန့်ကိုတို့အကြောင်းပါပြီးနောက်ပိုင်း ဦးလင်းအောင်LA Buildingကိုစတည်ထောင်တော့ ဦးခန့်ကို၏အကူအညီများစွာယူခဲ့ရသည်ဟုဆို၏

ခုချိန်ထိLA Entertainment၏စတော့ရှယ်ယာအများဆုံးကလည်း ဦးခန့်ကိုက ပိုင်ဆိုင်ထားတာဖြစ်သည်။ထို့သို့သောအကြောင်းတရားတွေရှိနေတော့ ဘုန်းတည်ကို CEOဦးလင်းအောင်ကအစ လွှတ်ထားရသလိုဖြစ်နေ၏​ပြောရရင်ဘုန်းတည်ကို သူ့အိမ်ရောEntertainmentကပါမနိုင်။

ထက်မြတ်ဆေးရုံရောက်သည်နှင့် ဏီဏီ့အဖေရှိနေမည့် Private roomထဲသို့ တန်းဝင်လာခဲ့လိုက်သည်။ဦးမြတ်မင်းကိုကြည့်ရတာ သက်သာပုံပါ။ ထူထူထောင်ထောင်လည်းရှိ၏အခန်းထဲရုတ်တရက်ဝင်လာသည့် ထက်မြတ်ကိုမြင်တော့ အကဲခတ်သလိုကြည့်သည်။

ဦးမြတ်မင်းဘေးမှာထိုင်နေသည်က ဏီဏီနှင့်သူ့အစ်မဆိုသူဇူးဇူးမြတ်မင်းနှစ်ယောက်တည်းဖြစ်သည်။ဏီဏီ့ကိုလာခေါ်သွားသည့် ရဲထွဋ်ဆိုသူကိုတော့မတွေ့ပါ။

"ဖေဖေ!သူကဘုန်းတည်မန်နေဂျာ ကိုထက်မြတ်ဆိုတာလေ"

"ဪ!သားငယ်ကိုစောင့်ရှောက်ပေးကြလို့ မောင်ရင်တို့ကို Uncleကျေးဇူးတင်ပါတယ်ကွာ"

"ရပါတယ်ခင်ဗျ။ကျွန်တော်တို့Entertainmsntဘက်ကလည်း ဏီဏီ့ရဲ့Privacyကို ဘယ်လိုနည်းနဲ့မှအထိခိုက်မခံပါဘူးခင်ဗျ"

"အင်း!ဒီနယ်ပယ်ကတော့ ဒါမျိုးကိစ္စတွေက အနည်းနဲ့အများတော့ကြုံတွေ့ကြရတာပါပဲ"

"ဟုတ်တယ်ခင်ဗျ၊ကောလဟာလသက်သက်မို့ ဏီဏီ့အတွက်စိတ်မပူလည်းရပါတယ်၊ကိုယ့်ကျန်းမာရေးကိုယ်သာ ဂရုစိုက်ပါခင်ဗျ"

"အေးကွာ၊သားငယ်ကလည်း သူ့အလုပ်ကို သိပ်ခင်တွယ်ရှာတာ၊တစ်ဖက်ကလည်း နာမည်ကြီးအဆိုတော်လေးဆိုတော့ မလိုသူတွေအတွက်က တစ်မျိုးထင်စရာဖြစ်သွားပုံပါပဲ"

"ဟုတ်တယ်ခင်ဗျ၊အဲ့ဒီသဘောပါပဲ၊ဒါပေမယ့် ကောလဟာလဆိုတာခဏပါပဲ၊အခုဆိုဒီသတင်းက Social mediaအသုံးပြုသူတွေကြားထဲ တော်တော်လေးငြိမ်သွားပြီလို့ပြောလို့ရပါတယ်"

ဦးမြတ်မင်းက ထက်မြတ်အပြောကို ကျေနပ်သွားသလို ခေါင်းတဆတ်ဆတ်ညိတ်၏

"ဟုတ်ပါတယ်၊Uncleကလည်း သားငယ်ကိုသူဝါသနာပါတဲ့အလုပ်လေးလုပ်ပြီး သူ့ဘဝလေးသူကျေနပ်နေတာမျိုးလေး ဖြစ်စေချင်ရုံပါ"

"ဒါပေါ့ခင်ဗျ၊Uncleပြောတာ အမှန်ပါပဲ"

"ဒါနဲ့ မောင်ထက်မြတ်လာရင်းကိစ္စက"

"Uncleကိုသတင်းမေးရင်းနဲ့ လမ်းကြုံလို့ဝင်လာတာပါခင်ဗျ"

"Uncleသက်သာပါတယ်ကွာ၊ခဏနေဦးဇနီးလည်း ရောက်လာတော့မှာပါ၊သားငယ်ကို ပြန်ခေါ်သွားလိုက်ပါ"

"အာ!အဲ့လိုဆိုရင်တော့ ကျေးဇူးပါခင်ဗျာ၊ဏီဏီကကျွန်တော်တို့အားကိုးရတဲ့Stylistဖြစ်နေတာကြောင့်ပါ"

"Uncleနားလည်ပါတယ်ကွယ်၊သားငယ်ကို နားလည်ပေးတာနဲ့တင် Uncleကကျေးဇူးတင်နေတာပါ"

"ရပါတယ်ခင်ဗျ၊ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်"

"အေးကွာ၊သားငယ် မောင်ထက်မြတ်နဲ့လိုက်သွားလိုက်ပါ၊ဖေဖေလည်းသက်သာနေပြီပဲ"

ဦးမြတ်မင်းမျက်နှာက ကြည်လင်နေသည်။တစ်ညလုံးလည်း ဆေးကုသမှုခံယူထားသဖြင့် သက်သာတာမြန်ပုံပါ။ဏီဏီက အဖေဖြစ်သူကိုသေချာကြည့်ပြီး

"ဖေဖေ့ကို ဏီဏီမကြာခဏလာတွေ့ပါ့မယ်၊ဖေဖေမြန်မြန်နေကောင်းအောင် နေနော်"

"အင်း!ဖေဖေဘာမှမဖြစ်ဘူးသားငယ်၊အခုတောင်နေကောင်းနေပါပြီ၊ဆရာဝန်ကြီးကလည်း နောက်နှစ်ရက်လောက်နေရင် ဆေးရုံကဆင်းလို့ရပြီပြောတယ်"

"ဟုတ်ဖေဖေ၊ဒါဆိုဏီဏီပြန်တော့မယ်နော်"

"စိတ်ချလက်ချသာပြန်ပါ၊သားငယ်မှာအလုပ်တွေရှိနေသေးတာကို၊ဖေဖေနားလည်တယ်၊ဖေဖေလည်းတော်တော်လေးသက်သာနေပါပြီ၊သားငယ်အမြင်ပဲလေ၊စိတ်မပူပဲနေဟုတ်ပြီလား"

"ဟုတ်!ဖေဖေ"

ဏီဏီကအဖေဖြစ်သူကို စိတ်မကောင်းသလိုလေးကြည့်ပြီးနေရာကထရပ်သည်။

"ကိုထက်မြတ် သွားရအောင်"

"Uncle ကျွန်တော်တို့ကိုခွင့်ပြုပါဦး"

"အေးကွာ၊ကားကိုလည်းဂရုစိုက်မောင်းကွ၊လမ်းတွေကကျပ်တယ်"

"ဟုတ်ကဲ့ခင်ဗျ"

ထက်မြတ်နှင့်ဏီဏီထွက်လာတော့ ဇူးဇူးမြတ်မင်းလည်း အနောက်ကနေထလိုက်လာ၏

"ဏီဏီ နင့်ကားကိုငါခဏထပ်ယူထားမယ်နော်၊အလုပ်ကိစ္စရှိသေးလို့"

ထက်မြတ်ရှေ့မှာမို့ ဏီဏီလည်းအနေရခက်ပုံပင်။

"ဟို အဲ့ဒီကားက!"

"နင့်ကားဆိုတာ ငါသိနေတာပဲလေ၊ခဏငှားတာဘာဖြစ်သွားမှာမို့လို့လဲ၊မရရင်လည်းပြန်ယူသွားလို့ရတယ်"

ဇူးဇူးမျက်နှာက တင်းမာနေ၏ကြားထဲကထက်မြတ်မနေသာတော့ပဲ

"မဇူးဇူးမြတ်မင်းအချိန်ရရင် ကျွန်တော်နဲ့စကားခဏလောက်ပြောလို့ရမလား"

"ဪ ရပါတယ်"

"ဏီဏီ ကားထဲကခဏစောင့်နေလိုက်မလား၊driverလည်းရှိပါတယ်၊ကျွန်တော် ဏီဏီ့အစ်မနဲ့ စကားခဏပြောလိုက်ချင်လို့ပါ"

ဏီဏီကထက်မြတ်ကို သေချာအကဲခတ်သည်။သူနဲ့ပတ်သတ်တာတစ်ခုခုပြောမှာကို သိနေသလိုမျိုး။

"ဏီဏီစိတ်မပူပါနဲ့၊သွားလိုက်ပါ"

"ဟုတ်ကဲ့ ကိုထက်မြတ်"

ဏီဏီထွက်သွားပြီဆိုမှ ထက်မြတ်ဏီဏီ့အစ်မဖြစ်သူကို သေချာကြည့်လိုက်ပြီး

"ကျွန်တော်တို့ ဟိုဘက်ကထိုင်ခုံမှာခဏထိုင်လိုက်ကြမလား"

"ဟုတ်ကဲ့ ရပါတယ်"

ဇူးဇူးမြတ်မင်းက အသက်သုံးဆယ်နီးပါးတော့ အနည်းဆုံးရှိလိမ့်မည်။အရွယ်တင်ပေမယ့် 25နှစ်သာရှိသေးသည့်ထက်မြတ်ထက် အသက်ကြီးမှန်းတော့သိရ၏ထက်မြတ်ကSuitအနက်နဲ့မို့ လူကြီးဆန်ချင်နေတာဖြစ်သည်။ဇူးဇူးမြတ်မင်းက ဦးမြတ်မင်းသမီးပီပီမျက်ခုံး၊မျက်လုံးထင်ရှားကာ ချောတဲ့ထဲတော့ပါ၏

လူနာစောင့်တွေအတွက်သီးသန့်ပြင်ဆင်ထားသည့် စားပွဲနှင့်ထိုင်ခုံတွေဆီရောက်တာနှင့် နှစ်ယောက်လုံးအရင်ထိုင်လိုက်ကြ၏ပြီးမှထက်မြတ်ဘက်မှ စတင်ကာ

"စာချုပ်ထဲကအချက်အလက်တွေကို မဇူးဇူးမြတ်မင်း မှတ်မိသေးလားမသိဘူး"

"ဟုတ်ကဲ့ ကျွန်မမှတ်မိပါတယ်"

"မဇူးဇူးမြတ်မင်းအနေနဲ့ ဏီဏီ့ကိုထပ်ပြီးဖိအားမပေးဖို့ စာချုပ်ထဲမှာပါတာရောသိလား"

"ဪ!ကျွန်မသူ့ကို ဘာဖိအားမှမပေးထားပါဘူး"

ထက်မြတ်နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ဦးမြတ်မင်းဆေးရုံပြန်တက်ရခြင်းမှာ သူမတို့သားအမိ​ကြောင့်ဆိုတာ သတင်းအတိအကျရပြီးဖြစ်သည်။ဦးမြတ်မင်း၏ဆောက်လုပ်ရေးကုမ္ပဏီမှာ ဇူးဇူးမြတ်မင်းက Accountingပိုင်းမှာတာဝန်ယူထားသဖြင့် ကုမ္ပဏီငွေတွေကိုသူမထင်သလိုသုံးသည်။ပြီးတော့ငွေကြေးပြဿနာဖြစ်လာတာနှင့် အဖေဖြစ်သူအပေါ်ပုံချ၏အခုကအဖေဖြစ်သူတင်မကတော့ဘဲ ဏီဏီ့ကိုပါဖိအားထပ်ပေးလာသဖြင့် သူတို့ဝင်ပါလာရဖို့တြွေဖစ်လာရသည်။

"မဇူးဇူးမြတ်မင်း ဏီဏီ့ကိုအောင်မြင်သူဆိုတဲ့လူနဲ့ ထပ်ပတ်သတ်ခိုင်းနေတာ ကျွန်တော်တို့သိနေတယ်ဆိုရင်ရော"

"ဟင်!"

ထက်မြတ်ကိုကြည့်ပြီး သူမမျက်လုံးတြွေပူးကျယ်ကုန်၏ဇူးဇူးမြတ်မင်းတို့သားအမိ အောင်မြင်သူ့ဆီမှာ သိန်းထောင်ချီသည့်ငွေပမာဏ အကြွေးထပ်တင်နေတာကြောင်းကို သူတို့သိထားတာကြာပြီဖြစ်သည်။ဇူးဇူးမြတ်မင်းက သူမအကြွေးတစ်ခါတင်တိုင်း ဏီဏီ့ကိုဖိအားပေး၏အောင်မြင်သူကလည်း ဏီဏီ့ကိုကြံစည်လို့မပြီးနိုင်။

"မဇူးဇူးမြတ်မင်းကို ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ဏီဏီ့ကိုအောင်မြင်သူဆိုတဲ့လူနဲ့ ထပ်တွေ့ပေးဖို့မလုပ်ပါနဲ့၊တို့ကျွန်တော်တို့ဘက်က ခင်ဗျားလိုချင်သလောက်ပေးထားတာပဲ ဟုတ်တယ်မှလား"

"ဟုတ်ပါတယ်၊ဒါပေမယ့်...."

ထက်မြတ်သူမရှေ့မှာ ချက်လက်မှတ်တစ်စောင်ချပေးလိုက်ပြီး

"မဇူးဇူးမြတ်မင်း လိုချင်တဲ့Amountတစ်ခုရေးလိုက်ပါ"

"ဟင်!"

"အဲ့ဒီအစား ဏီဏီ့ကိုထပ်ပြီးဖိအားမပေးပါနဲ့"

"ဟုတ်! ဟုတ်ကဲ့ပါ"

"ကျွန်တော်တို့ဘက်က အခုထိလိုက်လျောပေးနေတာ ဏီဏီ့ကြောင့်ဆိုတာ သိထားပေးပါ"

"ဟုတ်ကဲ့ ကျွန်မသိပါတယ်"

"ပြီးတော့ ဒီကိစ္စအပြင်ကိုပေါက်ကြားသွားတာနဲ့ ခင်ဗျားဘက်ကစာချုပ်ထဲကအတိုင်းတာဝန်ယူရမယ်ဆိုတာ မမေ့ပါနဲ့"

"ဟုတ်ကဲ့ပါ၊ဒါပေမယ့် အရင်တစ်ခေါက်ကလို ကောလဟာလထွက်လာတာမျိုးကျတော့ ကျွန်မနဲ့မှမဆိုင်တာ"

"အဲ့ဒီကောလဟာလနဲ့ပတ်သတ်ပြီး မဇူးဇူးမြတ်မင်းဖြေရှင်းခဲ့ရတာ ရှိသလား"

ထက်မြတ်သးစကားကြောင့် သူမမျက်နှာပျက်သွား၏ပြီးမှ

"မဖြေရှင်းခဲ့ရပါဘူး၊စိတ်ချပါ ကျွန်မကြောင့်မပေါက်ကြားစေရပါဘူး"

"ကောင်းပါပြီ၊အခုမဇူးဇူးမြတ်မင်း ဏီဏီ့ဆီကယူထားတဲ့ ကားတန်ဖိုးကသိန်3းထောင်ကျော်တယ်ဆိုတာ သိပါသလား"

"ကျွန်မသိပါတယ်၊သူ့ဆီကခဏငှားထားရုံပါပဲ၊ကျွန်မသူ့ကို ပြန်ပေးမှာပါ"

"အဲ့ဒီကားကို မဇူးဇူးမြတ်မင်းနာမည်နဲ့လွှဲယူလိုက်ပါ"

"ရှင်!"

"ဟုတ်ပါတယ်၊အဲ့ဒီကားကို မဇူးဇူးမြတ်မင်းကိုပေးခဲ့လိုက်ဖို့ ဘုန်းတည်ကိုယ်တိုင်ပြောလိုက်တာပါ၊တစ်ခုတော့ရှိတယ်"

"ဟုတ်ကဲ့ ပြောပါ"

"နောက်ထပ် ဏီဏီ့ဆီကဘာတစ်ခုမှမငှားရမ်းဖို့ ကတိပေးနိုင်မလား"

သူမမျက်နှာက ချက်ချင်းအောင့်သက်သက်ဖြစ်သွား၏ကြီးကျယ်လိုက်တာဆိုတဲ့အရိပ်အယောင်တွေပါ ဖြတ်ပြေးနေသလို။

"ဟုတ်ကဲ့ပါ၊ကျွန်မကတိပေးပါတယ်"

"မဇူးဇူးမြတ်မင်း လိုချင်တဲ့ငွေပမာဏကဒီလောက်ပဲလား"

"အဲ!ဟုတ်ကဲ့ 5ထောင်ဆိုရပါပြီ"

"မဇူးဇူးမြတ်မင်းလိုချင်သလောက်ကိုကျွန်တော်တို့ဘက်က ထပ်ထုတ်ပေးတာကို သိတယ်နော်"

"ဟုတ်ကဲ့ သိပါတယ်"

"ဒါကြောင့်မဇူးဇူးမြတ်မင်းအနေနဲ့နောက်တစ်ခါဏီဏီ့ကိုဖိအားထပ်ပေးလာခဲ့ရင် ကျွန်တော်တို့ဘက်ကဒီအတိုင်းကြည့်နေမှာမဟုတ်တော့ဘူး"

"ဟုတ်ကဲ့ ကျွန်မသိပါတယ်"

"ခဏနေရင် ရှေ့နေကြီးဒီကိုရောက်လာပါလိမ့်မယ်။သူ့ရှေ့မှာဝန်ခံကတိ လက်မှတ်ထိုးပြီးတာနဲ့ မဇူးဇူးမြတ်မင်းလိုအပ်တဲ့ငွေကိုကြိုက်တဲ့နေရာက ထုတ်ယူလို့ရပါတယ်"

"ဪ ဟုတ်ကဲ့ပါ"

"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါ"

ပြောစရာရှိတာပြောပြီးတာနှင့် ထက်မြတ် ထထွက်လာလိုက်သည်။သူ့အနေနဲ့ ဘုန်းတည်​ခိုင်းသည့်အတိုင်း လုပ်ပေးရုံအပြင်မရှိ။ဘုန်းတည်က အောင်မြင်သူဆိုတဲ့လူကို စီးပွားရေးလောကကနေ ကန်ထုတ်ဖို့အထိ ဆုံးဖြတ်ထားပြီဖြစ်သည်။ထို့ကြောင့်အကိုဖြစ်သူနေမင်းခန့်ကိုဆီက အကူအညီရယူသည်။နေမင်းက ထက်မြတ်သူငယ်ချင်းဖြစ်ကာ သူ့ညီကိုအတော်ချစ်တဲ့ကောင်ဖြစ်သည်။

ဒီကောင်အကူအညီတောင်းလို့ပဲ ဘုန်းတည်မန်နေဂျာလုပ်ပေးခဲ့ရတာဖြစ်သည်။တကယ်ဆိုထက်မြတ်က နေမင်း၏PAအဖြစ် ရှိနေရမည့်သူဖြစ်၏သူ့အဖေကလည်း ဦးခန့်ကို၏လူယုံဖြစ်ခဲ့ကာ သားဖြစ်သည့်သူကလည်းဦးခန့်ကိုတို့မိသားစု၏လူယုံတစ်ယောက်ဖြစ်လာခဲ့တာဆန်းတော့မဆန်းပါ။

ဘုန်းတည်အနား လူယုံထားမြှဖစ်မည်ကို ဦးစိုးကိုကသိသည်။ထို့ကြောင့်ဘုန်းတည်နှင့် ကိုက်ညီမည့်လူကသူ့အပြင်မရှိတော့။ဘုန်းတည်က တစ်အိမ်လုံး၏အလိုလိုက်ခံဖြစ်နေသဖြင့် သူထင်သလိုနေသည်။Over SeaသွားပြီးMangementပိုင်းနှင့်ပတ်သတ်တာတစ်ခုခု သင်ယူနေရမည့်သူက အမေ့သွေးပါလာကာ idolထလုပ်၏

သူတို့မိသားစု ဘယ်လိုရှေ့ဆက်ကြမှာလဲတော့မသိ။ဦးခန့်ကိုက ဘုန်းတည်လုပ်သမျှကို ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူးလို့ သူထင်သည်။ဦးစိုးကိုကလည်း ဘာတစ်ခွန်းမှထုတ်မပြောပေမယ့် သူ့မြေးကိုလွှတ်ထားမှာမဟုတ်ပေ။အထူးသဖြင့် ယောင်္ကျားတစ်ယောက်နှင့်ပတ်သတ်နေတာကို။အခုတောင် ဏီဏီနှင့်ပတ်သတ်သမျှကို ဦးခန့်ကိုတို့ဘက်က လိုက်ထားပြီးတာသေချာလောက်မည်။

သူတို့မိသားစုကြားထဲ ဏီဏီတစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ။လွယ်တော့မလွယ်လောက်။

>>>>>><<<<<<

"မောင် ဏီဏီ့ကိုစိတ်ဆိုးနေတာလား"

"မဟုတ်ဘူး"

မဟုတ်ဘူးလို့သာပြောတာ သူ့မျက်နှာကသုန်မှုန်နေ၏သူခေါ်ခိုင်းတာနဲ့ ဏီဏီတန်းလိုက်လာတာပဲကို။ဏီဏီရောက်လာကတည်းက မျက်နှာလွှဲနေသူက ဘာတစ်ခွန်းမှစမပြော။ဏီဏီမေးမှဖြေ၏မှန်နံရံကနေတဆင့် အပြင်ကိုသာငေးနေသဖြင့် ဏီဏီသူ့အနားထိလျှောက်သွားလိုက်ပြီး သူ့ခါးကိုနောက်ကနေသိုင်းဖက်ပစ်လိုက်သည်။ကျောပြင်ကျယ်ကျယ်ကို အရင်နမ်းရှိုက်ပြီးသည်နှင့် မျက်နှာလေးကပ်ထားမိရင်း

"မောင် ဏီဏီတို့နေရအောင်"

စိတ်ကောက်နေသူက တုတ်တုတ်မှမလှုပ်ပေ။ဏီဏီနဲ့သူ ပတ်သတ်လာတာ5လတောင်ကျော်လာပြီဖြစ်သည်။ဟိုတစ်ခါ ကောလဟာလထွက်ပြီးတဲ့နောက်ပိုင်းမှ သူကထင်သလိုမဟုတ်ဘဲ ဏီဏီ့အပေါ်အလေးအနက်ထားပေးလာသည်ဟုခံစားလာရသည်။မောင့်ဘက်ကဏီဏီ့အပေါ် f**k buddyတစ်ယောက်လို ဆက်ဆံရေးမျိုးထက် ချစ်သူတစ်ယောက်လိုမျိုး၊ပြီးတော့ ဏီဏီလိုအပ်သမျြှဖည့်ဆည်းပေးတတ်တဲ့အိမ်ထောင်ဖက်တစ်ယောက်လို ခံစားလာရတာခဏခဏ။

မောင်ကငယ်သူမို့ တစ်ခါတလေတော့ဆိုး၏ဏီဏီ့အပေါ်နိုင်လိုမင်းထက်ပြုမူတတ်တာတွေရှိပေမယ့် နောက်ဆုံးဏီဏီ့ကိုသူပဲချော့ရတာပင်။ဏီဏီ့မျက်နှာပျက်ရင် သူမနေတတ်။ထို့ကြောင့် ဏီဏီမောင့်ကိုသိပ်ချစ်သည်။မောင်ချစ်တာမချစ်တာထက် ဏီဏီ့ဘက်ကချစ်နေရရင်ပဲ ကျေနပ်နေခဲ့တာဖြစ်သည်။

"မောင် စိတ်ဆိုးနေတာဏီဏီသိတယ်၊ဖေဖေ့ကိုစိတ်ပူလို့ ဏီဏီလိုက်သွားမိတာပါ"

"ခင်ဗျားကို ကားဝယ်ပေးထားတာ၊ဘာအတွက်လဲ"

"ဟို ကားကိုလည်းဏီဏီပြန်ယူမှာပါ၊မောင်စိတ်မဆိုးတော့နဲ့နော်"

ဏီဏီမောင့်ခါးကိုဖက်နေရင်းကနေ သူ့ခါးစပ်ထဲလက်လျှိုဝင်တော့ မောင့်တစ်ကိုယ်လုံးဆတ်ခနဲဖြစ်သွား၏မောင်က ဏီဏီထိတွေ့တိုင်း အမြဲလိုလိုတုန့်ပြန်တတ်သည်။မောင်ကတကယ့်ကလေးကြီးလိုပါပဲ။

"ခင်ဗျားလက်တွေဖယ် ဟာ့!"

"ဟင့်အင်း!"

ဏီဏီဆက်တိုက်ပွတ်သတ်ပေးတော့ မောင့်အသက်ရှူသံတြွေမန်လာ၏ခဏကြာတော့ထိုအရာက ဏိဏီ့လက်နှင့်အပြည့်ဖြစ်လာသည်။ထို့နောက်မောင်က ဏီဏီ့လက်ကောက်ဝတ်တွေကို အားနဲ့ ဖမ်းချုပ်ပစ်သဖြင့် မောင့်ကိုဖက်ထားရာကနေ ဏီဏီ့လက်တွေလုံးဝလှုပ်မရတော့ပေ။

"မောင်လွှတ်ပေး လက်နာတယ်"

"အငြိမ်မနေတာ ဘယ်သူလဲ"

"မောင်မကြိုက်ဘူးလား"

"မကြိုက်ဘူး"

အသံကပြတ်ရှနေ၏ဏီဏီ့လက်နှစ်ဖက်လုံးကိုအတင်းရုန်းပေမယ့် မောင်ကလက်တွေကိုသူ့ပါးစပ်ထဲထည့်ပစ်၏မကြိုက်တဲ့သူက ဏီဏီ့လက်တွေကိုငုံစုပ်ပစ်သတဲ့လား။

"မောင် လက်ကိုလွှတ်ပါဆို"

"ဘာလုပ်ဦးမလို့လဲ"

"ဏီဏီလှလား၊မောင်မသိချင်ဘူးလား"

ထိုအခါမှလက်တွေကို ပြန်လွှတ်ပေးလာ၏ဏီဏီမောင့်အနောက်ကနေထွက်လာပြီး မောင်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်သည်။Sexy Maid dressလေးဝတ်ထားသည့် ဏီဏီ့ကိုကြည့်ပြီး မောင်မျက်တောင်မခတ်တော့ပေ။ဝတ်ထားသည့်အင်္ကျီလေးကလည်ပင်းဟိုက်နေသည့်အပြင် ပခုံးပေါ်ကအနားတွန့်တပ်ထားသည့်ကြိုးစလေးပဲပါသဖြင့် လက်မောင်းသားတွေကဒီအတိုင်းဖြစ်နေ၏ရင်ဘတ်အောက်နားကနေခါးအထိတော့ နက်ပြာရောင်ပိတ်စလေးပါသည်။

ပေါင်ရင်းခိုက်နေသည့်စကတ်တိုအဖြူလေးကလည်း အနောက်ဘက်တင်ပါးတွေကိုလုံအောင်မဖုံးထားနိုင်ပေ။ဏီဏီကG stringတွေပဲအဝတ်များသူမို့ တင်ပါးတွေကို တမင်လှစ်ဟထားသလိုဖြစ်နေသည်။ဏီဏီမောင့်ကိုကြည့်ပြီးပေါင်တံရှည်သွယ်သွယ်တွေကို လိမ်ပြလိုက်၏မောင်ကဏီဏီလုပ်သမျှကို သေချာကြည့်နေပြီးမှ ဘေးသို့မျက်နှာလွှဲသွားသည်။သူစိတ်မဝင်စားပါဘူးပေါ့။

ဏီဏီမောင့်မျက်နှာကို မျက်နှာချင်းဆိုင်ဖြစ်အောင်ပြန်ဆွဲယူလိုက်ကာ မောင့်နှုတ်ခမ်းတွေကိုစုပ်ယူပစ်လိုက်သည်။

ပြွတ်!

မောင်ကဏီဏီ့အနမ်းတွေကိုမတုန့်ပြန်သေးပေမယ့် ဏီဏီနမ်းနေသမျှတော့ငြိမ်ခံ၏မောင့်နှုတ်ခမ်းတွေကိုကိုက်ပစ်လိုက်ပြီး ပါးစပ်ထဲလျှာတိုးဝင်တော့မောင်ကပါးစပ်ကိုအလိုက်သင့်လေးဟပေးလာသည်။ခဏကြာတော့ မောင့်ဆီကကိုယ်သင့်နံ့ပြင်းပြင်းက ဏီဏီ့နှာခေါင်းထဲတိုးဝင်လာ၏

မောင်ကဏီဏီ့ကိုကျစ်နေအောင်ပြန်ဖက်ထားပြီဖြစ်သည်။ထို့နောက်ဏီဏီ့တစ်ကိုယ်လုံးကိုသူ့ရင်ဘက်နဲ့ဆွဲကပ်ပစ်ကာ အငမ်းမရပြန်လည်နမ်းရှိုက်လာတော့၏မောင့်အနမ်းတွေကပြင်းပြလွန်းသဖြင့် ဏီဏီ့တစ်ကိုယ်လုံးမွန်းကျပ်လာကာ ဏီဏီမောင့်ရင်ဘတ်ကိုတွန်းထုတ်ပစ်မိတော့ အလိုက်သင့်လွှတ်ပေးသည်။

မျက်နှာကတော့တင်းမာနေတုန်းပင်။ထူတန်းနေသည့် မျက်ခုံးတွေကိုအလိုမကျသလိုစုကြုံ့ထားကာ ဏီဏီ့ကိုမျက်မှောင်ကုတ်နဲ့ကြည့်သည်။မျက်နှာချောချောက စိတ်ကောက်နေတာတောင် မှုန်နေအောင်ချောတုန်းပင်။

ဏီဏီရုတ်တရက်မောင့်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး မောင်ဝတ်ထားသည့်Short Pantအနက်ကို ပေါင်လယ်နားရောက်သည်အထိချွတ်ချလိုက်လျှင်

"ဘာလုပ်မလို့လဲ အဲ့ဒါ"

မောင်ကငုံ့မေးလာသဖြင့် ဏီဏီမောင့်အရာကို အရင်ဆုပ်ကိုင်လိုက်ပြီးမှခေါင်းမော့လိုက်သည်။ပြီးမှမောင့်ကိုညှို့ငင်စွာကြည့်လိုက်ရင်း

"မောင် စိတ်ဆိုးနေလို့"

"မလိုဘူး အာ့!"

ဏီဏီမောင့်အရာကို လျှာဖျားနဲ့အရင်ကစားပြီးတာနဲ့ ငုံစုပ်ပေးလိုက်သည်။မောင့်အရာက ဏီဏီပါးစပ်နှင့်အပြည့်ဖြစ်လာကာ တဆတ်ဆတ်တုန်ချင်နေ၏ဏီဏီအမျိုးမျိုးလိမ်ယှက်စုပ်ယူပြီး လည်ချောင်းထဲအထိထိုးထည့်လိုက်သည်။

"အော့! ဟင်း!"

ငုံ့နေရသဖြင့်ရှေ့ကိုကျလာသည့်ဆံပင်ရှည်တွေကို နားရွက်နောက်ညှပ်လိုက်ရင်းပြန်စဖို့လုပ်တာနဲ့ မောင့်၏သန်မာသည့်လက်တွေက ဏီဏီပခုံးကနေဆွဲမကာဏီဏီ့ကိုသူ့ရင်ခွင်ထဲထည့်သည်။ပြီးတော့ဏီဏီပါးစပ်ကို လက်ဖနောင့်နှင့်ပွတ်သုတ်ပေး၏

"မောင်!"

ပြွတ်!

ဏီဏီ့နှုတ်ခမ်းတွေကိုစုပ်ယူပစ်လိုက်တာဖြစ်ပြီး ခါးကနေဆွဲမကာနမ်းရင်းနဲ့အိပ်ရာဘက်ကိုသွားသည်။ရောက်တာနှင့် ဏီဏီ့ကိုမွေ့ရာပေါ်ချပေးပြီးသူဝတ်ထားသည့်T Shirtအဖြူကိုအကြမ်းပတမ်းဆွဲချွတ်ပြီး ပုံပျက်သွားသည့်ဆံပင်တွေကိုခါထုတ်၏ဏီဏီနဲ့အတူအိပ်ရာပေါ်မှာရှိနေသည့်မောင်က idolမောင်ထက်ပင် ပို၍ဆွဲဆောင်မှုပိုရှိသလိုပါ။

စိတ်အားထက်သန်နေသည့် မျက်နှာထားကအစ ရူးစေလောက်အောင်ချောနေတာဖြစ်သည်။ရင်အုပ်ကျယ်ကျယ်တွေနှင့် သေးကျင်သည့်ခါးက ပုံမှန်လေ့ကျင့်ထား၍သာ ဒီလောက်ထိကြည့်ကောင်းနေတာဖြစ်မည်။ဏီဏီမောင့်လည်တိုင်ကိုလှမ်းဖက်လိုက်ပြီး ပေါင်တံရှည်တွေကို မြှောက်ပေးလိုက်၏

"မောင် ဏီဏီ့ကိုငိုတဲ့အထိလုပ်ပေး"

မောင့်မျက်နှာမှာ ပြုံးရိပ်ထင်၏ပြီးတာနဲ့ ဏီဏီနှာခေါင်းရဲရဲကို သူ့နှာခေါင်းဖြင့်အကြိမ်ငြိမ်ပွတ်တိုက်ကာ အသည်းယားသလိုပါးစပ်နဲ့ပါကိုက်ခဲပစ်သည်။ထို့နောက် ဏီဏီ့နားထင်ကိုလျှာနှင့်လျက်ပြီး နားနားထိတိုးလာကာ

"မရပ်ခိုင်းရဘူး ဘယ်လိုလဲ"

"ငိုလို့ရတယ်လို့ မောင်ပြောတာလေ"

"ကြိုက်သလောက်ငို"

ဘုန်းတည်ပြောပြီးတာနဲ့ သူ့နှုတ်ခမ်းတွေကို ကိုက်ခဲလိုက်သဖြင့်အသံထပ်ထွက်မလာတော့ပေ။ဝတ်ထားသည့်ဝတ်စုံက သူနှင့်ပြောလောက်အောင်လှသည်။ဖြူစွတ်သည့်သူ့အသားရေက ဘုန်းတည် ဘာလုပ်လုပ်အရာထင်၏နမ်းရင်တောင် ထိုနေရာမှာရဲကျန်ခဲ့သည်အထိနူးညံ့သေးသည်။

ထိန်းချုပ်မထားနိုင်သည့်စိတ်က သူ့မျက်နှာတပြင်လုံးကို လျှာနဲ့စိတ်ကြိုက်လျက်စုပ်နေရတာတောင် မတင်းတိမ်သေး။သူ့လည်တိုင်နုနုမှာ ဝတ်ထားသည့်လည်ကတ်ဆွဲကြိုးက အင်္ကျီက ပိတ်စပဲဖြစ်ကာ ခြူလုံးလေးပါပါ၏ဝတ်သမျှ သူနဲ့လိုက်ဖက်နေတာက အံ့ဩယူရသည်အထိ။

သူ့ရင်ဘတ်ကပန်းရောင်သန်းနေသည့်နို့သီးလေးတွေကို အရာထင်အောင်ကိုက်ခဲပစ်တော့အော်သည်။ပြီးတော့မျက်နှာလေးပါမဲ့ပြ၏ဘုန်းတည်လှလွန်းသူ၏အင်္ကျီတွေကိုချွတ်မပစ်ဘဲ လစ်ဟာနေသည့် ပေါင်တံတွေကိုလျှာနဲ့လျက်တော့ ကိုယ်လေးကတစ်ဆတ်ဆတ်တုန်လာပြီး

"မောင်"

အသံလေးက တိုးတိုးလေးဖြစ်သည်။သို့သော် ဘုန်းတည်စိတ်ကိုအဆုံးအစွန်ထိထိန်းချုပ်ရခက်စေ၏ထို့ကြောင့်သူ့ခြေထောက်တွေကြားထဲဝင်နေရာယူကာ တင်ပါးတွေကိုမွေ့ရာနှင့်လွတ်သည်အထိ ပင့်မြှောက်လိုက်သည်။ဖြူဖွေးသည့်တင်ပါးနုနုတွေကို တစ်ချက်ငုံခဲပြီးမှ ညပ်နေသည့်ကြိုစလေးကိုဆွဲဖယ်ရ၏

ပြီးတော့အိပ်ရာပေါ်အသင့်ရှိနေသည့် Lubeဘူးကိုယူကာ အ​ကြောတွေထင်းနေသည့်အရာပေါ်လောင်းချလိုက်ပြီး အရင်စွတ်စိုစေလိုက်သည်။ထို့နောက် သူ့အပေါက်ငယ်ဆီ ဖြည်းဖြည်းချင်းတိုးဝင်တော့ လူကိုကြည့်လာပြီး

"ဖြည်းဖြည်း မောင်!"

အတွင်းထဲအဆုံးထိမရောက်သေးခင်တစ်ချက်ချင်းစီလှုပ်ရှားပေးရသည်။ဒါတောင်ကျပ်သိပ်နေသည့်အရာက ခက်ခက်ခဲခဲဝင်ထွက်နေရ၏

"အား! အာ့!"

အရှိန်ရလာသည်နှင့် ဘုန်းတည်သူ့မျက်နှာရှေ့အထိငုံချလိုက်ပြီး သူ့ပခုံးတွေကိုခပ်တင်းတင်းဆုပ်ကိုင်ကာ အဆုံးထိတိုးဝင်လိုက်လျှင် ထိခိုက်လွယ်သည့်ကိုယ်လုံးလေးက တစ်ဆတ်ဆတ်တုန်ယင်လာကာ ဘုန်းတည်ကျောပြင်ကို တင်းတင်းကျပ်ကျပ်သိုင်းဖက်လာ၏

"မောင့် ဟာ့!"

သူ့ဆီကညည်းညူသံက ဘုန်းတည်ရင်ဘတ်မှာဖြစ်သည်။ရင်ခွင်ထဲခေါင်းတိုးဝင်ပြီးညည်းညူနေသူကြောင့် စိတ်လွတ်သွားကာ ပခုံးကနေကိုင်ပြီးတရစပ်လှုပ်ရှားပစ်မိ၏

"အား! ဟာ့! ဟင့်! ဟင့်!"

သူ့ကတိသူတည်စွာ စငိုပြီဖြစ်သည်။အတူနေတိုင်းငိုတာသည် အကျင့်တစ်ခုလိုဖြစ်နေ၏သူကငိုပေမယ့် ကိုယ်ကမြောက်တက်နေသလိုခံစားနေရတာဖြစ်သည်။ကျပ်သိပ်နေသည့်အတွင်းသားတွေက ပွတ်ဆွဲလိုက်တိုင်းကျင်တတ်လာသဖြင့် ရပ်ပစ်လိုက်ဖို့ကမဖြစ်နိုင်။

"မောင် ဟာ့! ရပ်ပေး ဟင့်!အီး!"

ဘုန်း!

ဘုန်း!

ထိုအခါတွင်တော့မရပ်ပေးလို့မရတော့ပေ။မျက်ရည်တွေရွှဲနေသည့် ပါးပြင်နုနုကို လက်ခုံနဲ့ပွတ်သုတ်ပေးလျှင်

"ထုတ်ပေး"

"မထုတ်ဘူး"

"မောင်"

"အစကတည်းက ပြောထားပြီးသားမလား"

ပြောပြီး သူ့တစ်ကိုယ်လုံးကိုဘေးသို့ စောင်းချလိုက်ပြီး အနောက်ကသိုင်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်သည်။အတွင်းထဲကထွက်မလိုဖြစ်နေသည့်အရာကို အဆုံးထိပြန်တိုးဝင်လျှင်

"မောင် မလှုပ်နဲ့နော်"

"မလှုပ်ဘဲ ဘယ်လိုလုပ်မလဲ ကျစ်!"

"မောင်က စလာကတည်းက"

"မပြီးသေးခင် ရပ်ပေးလိုက်ရတာကိုရောသိလား"

"အဲ့ဒါက!"

"ဘာဖြစ်လဲ"

"ဟင့်အင်း ဟာ့! ရှီး!"

သူဘာပြောပြော ဂရုမစိုက်တော့ဘဲ အဆက်မပြတ်လှုပ်ရှားလိုက်သည်။နောက်ပြန်ထုရိုက်လာသည့်လက်တွေကိုဖမ်းကိုင်လိုက်ရကာ ခါးကနေချုပ်ပြီး တရစပ်တိုးဝင်လိုက်၏တင်ပါးဖွေးဖွေးက ရဲနေကာဝင်ထွက်လိုက်တိုင်းတစ်သိမ့်သိမ့်တုန်သည်။

"အာ့! ဟင့်! ဟင့်!"

သူတအိအိငိုနေတာကိုသိသည်။အခုလိုအချိန်တိုင်း ဘယ်တော့မှချော့မော့ပြောလို့မရ။နာရင်လည်းငိုသလို၊တစ်ခါတလေကျကောင်းလို့ငိုပါသည်တဲ့။တိုးဝင်လှုပ်ရှားမှုတွေရပ်တန့်ကာ ပြီးသွားပြီဆိုမှ သူငိုတာလည်းရပ်၏

တစ်ကိုယ်လုံးသန့်ရှင်းရေးလုပ်ပေးပြီးတာနှင့် ရင်ခွင်ထဲတိုးဝင်လာကာ ခဏကြာတော့ပင်ပန်းပြီး အိပ်ပျော်သွား၏ဟိုလူနဲ့တွဲမြင်တယ်ဟုကြားရုံနဲ့ ပေါက်ကွဲတတ်သည့်စိတ်က သူ့ကိုမြင်ရင်အလိုလိုပြေကျသည်။ဘယ်တုန်းကမှ မရှည်တတ်ခဲ့သည့်စိတ်ကလည်း သူငိုတိုင်းစိတ်လိုလက်ရချော့မိတာ အခါခါ။

သူနဲ့ပဲထိတွေ့ဖူးသည့် ခန္ဓာကိုယ်ကလည်း သူမှမဟုတ်ရင်ဘယ်သူ့နဲ့မှအဆင်မပြေလောက်ဟု အကြိမ်ကြိမ်တွေးမိသည်အထိ သူကကိုယ့်ဘဝမှာအရေးပါလာ၏ပြီးတော့သူ့ကိစ္စမှန်သမျှ ခေါင်းထဲထည့်ထားနေမိတာ ဘယ်ကတည်းကမှန်းမသိတော့။သူက လူတစ်ယောက်လုံးကို စိတ်လွတ်သွားသည်အထိ တတ်နိုင်လွန်းသူဖြစ်၏ထို့ကြောင့်ဘဝက သူမရှိရင်နေတတ်ပါတော့မလားမသေချာ။

>>>>><<<<<

18.02.2022
T.B.C